ဖန်ခါးသီးလေး စားလို့ပေး
ဖန်ဖန်မွှေးမွှေးကြွပ်ကြွပ်လေးနဲ့ စားလို့ကောင်းတဲ့ ဖန်ခါးသီးက ဖန်ဖန်ခါးခါးလေး ဖြစ်တာကြောင့် အခါးဓာတ် ပါတယ်လို့ ဆိုလို့ ရပါတယ်။ ဒါကြောင့်ပဲ အခါးပါတဲ့ အစားအစာပီပီ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်လို့ လူသိများကြတာပါ။
တကယ်ကတော့ ဖန်ခါးသီးက သွေးတွင်းသကြားဓာတ်ကိုတင် ထိန်းညှိပေးနိုင်တာ မဟုတ်ပါဘူး။ အခြားသော ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဒီတော့ ဖန်ခါးသီးက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိတာအပြင် ဘယ်လို ကောင်းကျိုးလေးတွေ ရရှိစေနိုင်လဲဆိုတာကို ကိုယ်တိုင်သာ လေ့လာလိုက်တော့နော်။
နာကျင်မှုကို သက်သာစေတယ်
ဖန်ခါးသီးက အင်ဒီအောက်ဆီးဒင့် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်က နာကျင်မှုကို သက်သာစေနိုင်သလို အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကိုက်ခဲနာကျင်မှုတွေကို သက်သာစေချင်တယ်ဆိုရင်တော့ ဖန်ခါးသီးကို စားပေးလို့ ရပါတယ်။
ခံတွင်း ကျန်းမာစေတယ်
ဖန်ခါးသီးက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး သွားနဲ့ ခံတွင်းကို ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် သွားတွေကို ကြံ့ခိုင်စေဖို့နဲ့ ခံတွင်းပြဿနာတွေ ကင်းစေဖို့အတွက် ဖန်ခါးသီးကို စားပေးလို့ ရပါတယ်။ ဖန်ခါးသီးကို ပါးစပ်ထဲက အနာလေးတွေ သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။
သွေးတွင်းအဆီကို ကျဆင်းစေတယ်
ဖန်ခါးသီးက အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေပြီး သွေးတွင်းအဆီကို ကျဆင်းစေနိုင်ပါတယ်။ သွေးတွင်းအဆီ ကျဆင်းတာက သွေးကြောတွေကို ကျန်းမာစေသလို နှလုံးကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် နှလုံးကျန်းမာချင်တယ်ဆိုရင်တော့ ဖန်ခါးသီး စားပေးပါ။
ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု ကင်းစေတယ်
ဖန်ခါးသီးမှာ အင်ဒီအောက်ဆီးဒင့်တွေ ကြွယ်ဝစွာ ပါဝင်နေပြီး ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်ပဲ နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် နာတာရှည် ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေကို လျှော့ချချင်တယ် ဆိုရင်တော့ ဖန်ခါးသီး စားပေးလို့ ရပါတယ်။
အသားအရေ ကျန်းမာစေတယ်
ဖန်ခါးသီးက ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသားအရေကို ကျန်းမာစေနိုင်သလို ဝက်ခြံအပါအဝင် အမျိုးမျိုးသော အရေပြားပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် အသားအရေ လှချင်တယ်ဆိုရင် ဖန်ခါးသီး စားပေးပါ။
ဖန်ခါးသီးက သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတာအပြင် အခုလို ကောင်းကျိုးလေးတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။
မွန်မွန်